လက်ထပ်ခြင်း/နှင့် ကွာရှင်းခြင်း/အကြောင်း ဆွေးနွေးခြင်း
19
ဤ/တရားတော်များ/ကို မိန့်တော်မူ/ပြီး/သောအခါ ယေရှု/သည် ဂါလိလဲပြည်/မှ/ထွက်ခွာ/၍ ဂျော်ဒန်မြစ်/တစ်ဖက်ကမ်း/ရှိ ယုဒပြည်/သို့ ကြွတော်မူ၏။ 2 လူအုပ်ကြီး/သည်လည်း နောက်တော်/သို့ လိုက်ကြ/သဖြင့် ထို/အရပ်/တွင် ယေရှု/သည် ဖျားနာသောသူများ/ကို ကျန်းမာစေတော်မူ၏။
3 ဖာရိရှဲ/တချို့/သည် စမ်းသပ်လို/သဖြင့် ကိုယ်တော်/ထံသို့ လာ/၍ “လူတစ်ဦး/သည် မည်သည့်/အကြောင်း/ကြောင့်/ဖြစ်စေ မိမိ/ဇနီး/ကို ကွာရှင်းသည်/မှာ ပညတ်တော်/နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
4 ယေရှု/က “အစဦး/တွင် ဘုရားသခင်/သည် ‘ယောက်ျား/နှင့်/မိန်းမ/ကို ဖန်ဆင်းတော်မူ၏။ 5 ထို့ကြောင့် ယောက်ျား/သည် မိခင်/နှင့် ဖခင်/ကို ခွဲခွာ/၍ မိမိ/ဇနီး/နှင့် ပေါင်းဖက်/သဖြင့် သူတို့/နှစ်ဦး/သည် တစ်သားတည်း/ဖြစ်ကြ/လိမ့်မည်’a ဟု ကျမ်းစာ/တွင် ပါရှိသည်/ကို သင်တို့ မဖတ်ဖူးကြသလော။ 6 သို့ဖြစ်၍ သူတို့/သည် နှစ်ဦး/မဟုတ်တော့ဘဲ တစ်ဦးတည်း/ဖြစ်ကြ၏။ ဘုရားသခင် ပေါင်းဖက်စေတော်မူသော/သူတို့/ကို မည်သူ/က/မျှ မခွဲခွာစေနှင့်” ဟု မိန့်တော်မူ၏။
7 ဖာရိရှဲတို့/က “သို့ဖြစ်လျှင် ကွာရှင်းစာချုပ်/ကို ဇနီး/အား ပေး/၍ ကွာ/စေရန် မောရှေ/သည် အဘယ်ကြောင့်/ညွှန်ကြားခဲ့သနည်း” ဟု မေးလျှောက်ကြပြန်၏။
8 ယေရှု/က “သင်တို့/သည် အလွန်/ခေါင်းမာ/သောကြောင့် မောရှေ/သည် သင်တို့/အား ဇနီး/နှင့်/ကွာရှင်းခွင့်/ပေးရ၏။ သို့သော် အစဦး/၌ ထိုသို့/မဟုတ်ပါ။ 9 သင်တို့/အား ငါ/ပြောဆိုသည်/မှာ ဇနီးဖြစ်သူ/၏/ဖောက်ပြန်ခြင်း/မှလွဲ၍ မိမိ/ဇနီး/အား ကွာရှင်း/ကာ အခြား/တစ်ဦး/နှင့် လက်ထပ်သော/ခင်ပွန်း/သည် အိမ်ထောင်ရေး/ဖောက်ပြန်မှု/ကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။
10 တပည့်တော်တို့/ကလည်း ယေရှု/အား “ဇနီးမောင်နှံ/ဆက်နွယ်မှု/သည် ထိုသို့/ဖြစ်/ပါက အိမ်ထောင်/မပြု/လျှင် ပို၍/ကောင်းသည်” ဟု လျှောက်ဆိုကြ၏။
11 သို့သော် ယေရှု/က “ဤ/အဆို/ကို လူတိုင်း လက်ခံနိုင်ကြမည်/မဟုတ်။ ဘုရားသခင်/က နားလည်နိုင်စွမ်း/ပေးတော်မူသော/သူတို့/သာ လက်ခံနိုင်ကြ၏။ 12 တချို့/မှာ မိခင်/ဝမ်းတွင်း/ကပင် အိမ်ထောင်ပြုနိုင်စွမ်း/မရှိဘဲ မွေးလာကြ၏။ တချို့/မှာ အခြားသူများ/ကြောင့် အိမ်ထောင်/ပြုနိုင်စွမ်း/ကို စွန့်လွှတ်ကြရ၏။ တချို့/မှာ ကောင်းကင်/နိုင်ငံတော်/အတွက် အိမ်ထောင်/မပြုဘဲ/နေကြ၏။ ဤ/အရာ/ကို လက်ခံနိုင်သော/သူ/သည် လက်ခံပါစေ” ဟု မိန့်တော်မူ၏။
ကလေးငယ်များ/ကို ကောင်းချီးပေးတော်မူခြင်း
13 တစ်နေ့/တွင် အချို့/မိဘများ/သည် မိမိတို့/၏/သားသမီးများ/အပေါ် ကိုယ်တော်/၏/လက်တော်/တင်/၍ ဆုတောင်းပေး/စေရန် ကိုယ်တော်/ထံသို့ ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့/သည် ထို/သူတို့/ကို ဟန့်တားကြ၏။
14 သို့သော် ယေရှု/က “ကလေးငယ်များ ငါ့/ထံ/လာပါစေ။ သူတို့/ကို မတားကြနှင့်။ ကောင်းကင်/နိုင်ငံတော်/သည် ထိုသို့သော/သူတို့/၏ နိုင်ငံတော်/ဖြစ်သည်” ဟု မိန့်တော်မူ၏။ 15 ထို့နောက် ကလေးငယ်များ/၏ ခေါင်း/ပေါ်တွင် လက်တော်/တင်/၍ ကောင်းချီးပေး/ပြီးလျှင် ထို/နေရာ/မှ ထွက်ကြွတော်မူ၏။
ချမ်းသာကြွယ်ဝသော/သူ
16 ထိုအခါ လူတစ်ဦး/သည် ယေရှု/ထံသို့ လာ/၍ “ဆရာတော်b… ထာဝရ/အသက်/ကို ရရှိ/ရန် အကျွန်ုပ်/သည် မည်သည့်/ကောင်းမှု/ကို ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
17 ယေရှု/က “ကောင်းမှု/နှင့်/ပတ်သက်၍ အဘယ်ကြောင့်/ငါ့/ကို မေးသနည်း။ ကောင်းမြတ်သော/အရှင် တစ်ပါးတည်း/သာ/ရှိ၏။ ထာဝရ/အသက်/ကို ရလို/လျှင် ပညတ်တော်များ/ကို လိုက်နာလော့” ဟု မိန့်တော်မူ၏။
18 ထို/သူ/က “မည်သည့် ပညတ်များ/ဖြစ်ပါသနည်း” ဟု လျှောက်၏။ ယေရှု/က “လူ့/အသက်/ကို မသတ်နှင့်။ သူတစ်ပါး/သားမယား/ကို မပြစ်မှားနှင့်။ မခိုးယူနှင့်။ မမှန်သော/သက်သေ/ကို မထွက်ဆိုနှင့်။ 19 သင်/၏/မိဘ/ကို ရိုသေလော့။ ကိုယ်/နှင့်/သက်ဆိုင်သော/သူ/ကို ကိုယ်/နှင့်/အမျှ ချစ်လော့”c ဟု မိန့်တော်မူ၏။
20 ထို/လူငယ်/က “အကျွန်ုပ်/သည် ဤ/ပညတ်တော်/အားလုံး/ကို ငယ်စဉ်/ကပင် လိုက်နာခဲ့ပါ၏။ မည်သည့်/အချက် လိုနေပါ/သေးသနည်း” ဟု လျှောက်ပြန်၏။
21 ယေရှု/က “သင်/သည် ပြည့်စုံ/လို/ပါက သွား/၍ သင်/၏ ဥစ္စာပစ္စည်းများ/ကို ရောင်းချ/ကာ ရသော/ငွေ/ကို ဆင်းရဲသားတို့/အား လှူဒါန်းလော့။ ထိုသို့ ပြု/လျှင် ကောင်းကင်ဘုံ/တွင် ဘဏ္ဍာ/ကို ရရှိ/လိမ့်မည်။ ပြီးမှ ငါ့/နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
22 သို့ရာတွင် ထို/လူငယ်/သည် ဥစ္စာပစ္စည်း/ကြွယ်ဝသူ/ဖြစ်/သောကြောင့် ထို/စကားကို ကြား/သော် စိတ်မသက်မသာ/ဖြင့် ထွက်သွားလေ၏။
23 ထိုအခါ ယေရှု/က တပည့်တော်တို့/အား “ငါ/အမှန်/ဆိုရ/လျှင် ချမ်းသာသော/သူ/သည် ကောင်းကင်/နိုင်ငံတော်/ထဲသို့ ဝင်/ရန် ခဲယဉ်းလှ၏။ 24 ထပ်မံ/၍ ငါ/ပြောမည်။ ချမ်းသာသော/သူ/သည် ဘုရားသခင်/၏/နိုင်ငံတော်/ထဲသို့ ဝင်/ရန်/ထက် ကုလားအုတ်/သည် အပ်နဖားပေါက်/ထဲသို့ လျှိုဝင်/ရန် ပို၍/လွယ်ကူသည်” ဟု မိန့်တော်မူ၏။
25 တပည့်တော်တို့/သည် ထို/စကား/ကို ကြား/သောအခါ အလွန်/အံ့အားသင့်/လျက် “သို့ဖြစ်လျှင် မည်သူ/သည် ကယ်တင်ခြင်း/ခံရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
26 ယေရှု/သည် သူတို့/အား စူးစိုက်/ကြည့်တော်မူ/၍ “ဤ/အမှု/ကို လူ/မတတ်နိုင်ပါ။ သို့သော် ဘုရားသခင်/သည် အရာ/အားလုံး/ကို တတ်နိုင်တော်မူ၏” ဟု မိန့်တော်မူ၏။
27 ထိုအခါ ပေတရု/က “အကျွန်ုပ်တို့/သည် အရာ/အားလုံး/ကို စွန့်/၍ နောက်တော်သို့ လိုက်ကြပါပြီ။ ထို/အတွက်/ကြောင့် မည်သည့်/အကျိုး/ကို ရကြပါမည်နည်း” ဟု မေးလျှောက်လေ၏။
28 ယေရှု/က “သင်တို့/အား ငါ/အမှန်/ဆို၏။ အရာ/အားလုံး/ကို အသစ်ပြုပြင်သော/အချိန်/တွင် လူသားd/သည် မိမိ/၏ ဘုန်းတော်/နှင့်/ပြည့်စုံသော ရာဇ/ပလ္လင်/ပေါ်တွင် ထိုင်/လိမ့်မည်။ ထိုအခါ ငါ့/နောက်သို့ လိုက်ကြသော/သင်တို့/သည် ရာဇပလ္လင်/ဆယ့်နှစ်ခု/ပေါ်တွင် ထိုင်/လျက် အစ္စရေး/မျိုးနွယ်စု ဆယ့်နှစ်စု/ကို တရားစီရင်ကြ/လိမ့်မည်။ 29 ငါ့/အတွက်/ကြောင့်e မိမိ/အိမ်များ၊ မြေများ၊ ညီအစ်ကို/မောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာ/ကို စွန့်လွှတ်သောသူတို့/သည် ဤ/ဘဝ/၌ အဆ/တစ်ရာ အကျိုး/ခံစားရသည်/သာမက ထာဝရ/အသက်/ကိုလည်း ရရှိ/လိမ့်မည်။ 30 သို့ရာတွင် ယခု အကြီးမြတ်ဆုံးသောသူ/များ/သည် အသေးနုပ်ဆုံး/ဖြစ်/လိမ့်မည်။ ယခု/အသေးနုပ်ဆုံးသော/သူများ/သည် အကြီးမြတ်ဆုံး/ဖြစ်/လိမ့်မည်။